စကားဝှက်
အသုံးပြုသူအစစ်အမှန်ဖြစ်ကြောင်းသိရှိရန် နှင့် ဝင်ခွင့်ခွင့်ပြုမှုတို့အတွက် အသုံးပြုသည်။ / From Wikipedia, the free encyclopedia
စကားဝှက် (49572587) သည် စကားလုံးတစ်ခု သို့မဟုတ် အက္ခရာအစုအဝေး ဖြစ်သည်။ စကားဝှက်ကို အသုံးပြုသူအား အရင်းအမြစ်များကို ရယူအသုံးပြုရန်အတွက် စစ်ဆေးခြင်း(@49572587) ပြုလုပ်ရန်အသုံးပြုသည်။ ရင်းမြစ်များအား ခွင့်ပြုချက်မရှိသော ရယူအသုံးပြုခြင်းများမှ ကာကွယ်ရန်အသုံးပြုသည်။ စကားဝှက်များကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြသည်။ ယခုခေတ်ကာလတွင် အသုံးပြုသူအမည် (username) နှင့် စကားဝှက် (password) ကို ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ cable TV decoders, အေတီအမ်စက်များ (ATMs) အစရှိသည်တို့တွင် ကာကွယ်ထားသော စနစ်အတွင်းသို့ ဝင်ရောက်ရန် အသုံးပြုသည်။ ကွန်ပျူတာအသုံးပြုသူတစ်ယောက်သည် စကားဝှက်များကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသည်။ ဥပမာအားဖြင့် − များအသုံးပြုခြင်း၊ အကောင့်အတွင်းသို့ ဝင်ရောက်ခြင်း၊ အသုံးချဆော့ဖ်ဝဲများကို ရယူအသုံးပြုခြင်း၊ သိမ်းထားသည့်အချက်အလက်များ (database)၊ ကွန်ရက်များ၊ ဝဘ်ဆိုက်များ၊ မနက်ခင်းဘက် အွန်လိုင်းပေါ်တွင် သတင်းစာဖတ်ခြင်း စသည်တို့တွင် စကားဝှက်ကို အသုံးပြုကြသည်။
နာမည်မှလွဲ၍ စကားဝှက်သည် ယုတ္တိရှိသော စကားလုံးများ ဖြစ်ရန်မလိုပေ။ စကားဝှက်များသည် ရယူရန်ခက်ခဲသော စကားလုံးများ ဖြစ်ရန်လိုအပ်သည်။ မိမိနှစ်သက်သော စကားလုံးများကို အသုံးပြုနိုင်ပေသည်။ အချို့စကားဝှက်များသည် စကားလုံ:များစွာဖြင့် ဖွဲ့စည်းထားကြပြီး ၎င်းတို့ကို passphrase ဟုခေါ်သည်။ passcode နှင့် passkey ဟူသော ဝေါဟာရများကို လျှို့ဝှက်သော သတင်းအချက်အလက်များတွင် တစ်ခါတရံ အသုံးပြုကြသည်။ personal identification number (PIN) ကဲ့သို့ ၎င်းတို့သည် ဂဏန်းများဖြစ်ပြီး များသောအားဖြင့် အေတီအမ်စက်များတွင် အသုံးပြုကြသည်။ စကားဝှက်များသည် ပုံမှန်အားဖြင့် စာရိုက်ရသက်သာရန်၊ မှတ်ရလွယ်ကူစေရန် တိုတောင်းကြသည်။
အချို့အဖွဲ့အစည်းများသည် စကားဝှက်များအတွက် လိုအပ်သည့်အချက်များကို ဖန်တီးထားသည်။ ဥပမာ − စကားဝှက်သည် အနည်းဆုံး စကားလုံးမည်မျှရှိရမည်။ စာလုံး အကြီး နှင့် အသေး၊ ဂဏန်းများ၊ အထူးစကားလုံးများ(@,#,$,%, etc) စသည်တို့ ပါရှိရမည်။ စကားဝှက်တွင် ကိုယ်ပိုင်အမည်များ၊ မွေးနေ့များ၊ လိပ်စာများ၊ ဖုန်းနံပါတ်များ စသည့်ကန့်သတ်ထားသော စကားလုံးများကို ခွင့်မပြုထားပေ။ အချို့ အစိုးရများသည် national authentication frameworks များရှိကြသည်။[1] ၎င်းသည် အစိုးရ၏ ဝန်ဆောင်မှုများကို ရယူသုံးစွဲရန် အသုံးပြုသူအား စကားဝှက်နှင့် စစ်ဆေးသည်။