ဂျေဆန် စသေသမ်
အင်္ဂလိပ် သရုပ်ဆောင် / From Wikipedia, the free encyclopedia
ဂျေဆန် စသေသမ် (အင်္ဂလိပ်: Jason Statham, /ˈsteɪθəm/; ၂၆ ဇူလိုင် ၁၉၆၇ ဖွား) သည်အင်္ဂလိပ် သရုပ်ဆောင်၊ ထုတ်လုပ်ရေးသမား နှင့် မော်ဒယ်ဟောင်းတစ်ဦးဖြစ်သည်။ စသေသမ် အား Lock, Stock and Two Smoking Barrels (1998) ၊ Snatch (2000) ၊ The One (2001) ၊ The Transporter trilogy (2002–2008) ၊ The Italian Job (2003) ၊ Death Race ၊ Crank (2006) ၊ War (2007) ၊ The Bank Job (2008) ၊ The Expendables (2010) ၊ The Expendables 2 (2012) ၊ The Expendables 3 (2014) နှင့် The Expendables 4 (2022) စသည့် ရုပ်ရှင်ဇာတ်ကားများဖြင့် လူသိများသည်။ သူပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကောင် အများစု၏ ဇာတ်ရုပ်သည် လူစွမ်းကောင်း-ဆန့်ကျင်သူ ဇာတ်ရုပ်များ ဖြစ်ကြသည်။ စတန့်အများစုကိုလည်း သူကိုယ်တိုင်ပြုလုပ်၍ သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။[1]
ဂျေဆန် စသေသမ် Jason Statham (အင်္ဂလိပ်) | |
---|---|
၂၀၁၈ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ | |
ဇာတိ အမည် | Jason Statham |
မွေးဖွား | (1967-07-26) ၂၆ ဇူလိုင်၊ ၁၉၆၇ (အသက် ၅၆) ရှိုင်းယားဘရွတ်၊ အင်္ဂလန် |
နိုင်ငံသား | ယူနိုက်တက်ကင်းဒမ်း |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၉၃ - လက်ရှိ |
ဖန်တီးမှုများ | စာတွင်ရှု |
လက်တွဲဖော်(များ) | en:Rosie Huntington-Whiteley (2010–present; engaged) |
သားသမီး | ၂ |
ရရှိသည့်ဆုများ | စာတွင်ရှု |
စသေသမ်ကို အင်္ဂလန်နိုင်ငံ၊ ဒါဘီရှိုင်းယား၊ ရှိုင်းယားဘရွတ်တွင် ၁၉၆၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့ပြီး[2][3][4] ဂရိတ် ယာမောက်၊ နော့ဖော့တွင် ကြီးပြင်းခဲ့သည်။ စသေသမ်သည် ၁၉၉၇ မှ ၂၀၀၄ ခုနှစ်အထိ ကယ်လီဘရွတ် နှင့် လက်တွဲခဲ့သည်။ မော်ဒယ် Rosie Huntington-Whiteley နှင့် ၂၀၁၆ ခုနှစ်တွင် စေ့စပ်ခဲ့သည်။ သူနှင့် Rosie တို့သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် Jack အမည်ရှိသော သားတစ်ဦး ထွန်းကားခဲ့သည်။[5]