ခရမ်းလွန်ရောင်ခြည်
From Wikipedia, the free encyclopedia
ခရမ်းလွန်ရောင်ခြည် (အင်္ဂလိပ်: Ultraviolet) ဆိုသည်မှာ မြင်နိုင်သော ခရမ်းရောင်ခြည်ထက် လှိုင်းတိုသော မမြင်နိုင်သည့် ရောင်ခြည်မျိုးဖြစ်သည်။ မိကျောင်းများနှင့် ငှက်ငယ်များကဲ့သို့ တိရစ္ဆာန် အများစုကမူ မြင်တွေ့နိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည်ဟု ခေါ်ရခြင်းမှာ လူတို့မြင်နိုင်သော ခရမ်းရောင်ထက် ကြိမ်နှုန်းနှင့် လှိုင်းအလျားတို့အနေဖြင့် သာလွန်နေသောကြောင့် ဖြစ်သည်။[1][2] ခရမ်းလွန်ရောင်ခြည် ခေါ် အာထရာဗွိုင်းအိုရ်လက် ultraviolet ကို အင်္ဂလိပ်လို အတိုကောက်အားဖြင့် ယူဗွီ UV ဟု ခေါ်ပြီး နည်းပညာ နယ်ပယ်တွင်သာ ခေါ်ဆိုမှုများသည်။
အိပ်စရေးရောင်ခြည် စတင်ဖြစ်ပေါ်သည့် ရောင်ခြည်ထိလုနည်းပါး ကူးစပ်သွားသည်။ နေရောင်တွင် သဘာဝအားဖြင့် ပါဝင်၍ ပြဒါးမီးလုံး တစ်မျိုးဖြင့်လည်း ဖန်တီးထုတ်ယူနိုင်သည်။ မြေပြင်သို့ မရောက်မီ ထိုရောင်ခြည်ကို အိုဇုန်းလွှာက စုပ်ယူလိုက်သည်။[3] ထိုရောင်ခြည် အနည်းငယ်သည် အကျိုးပြုသော်လည်း များလွန်းလျှင် အန္တရာယ်ဖြစ်စေသည်။ ထိုရောင်ခြည်သည် ပိုးမွှားကို သေစေနိုင်စွမ်း ရှိသည်။[4]