ကျောရိုးရှိသတ္တဝါ
From Wikipedia, the free encyclopedia
ကျောရိုးရှိသတ္တဝါ ဆိုသည်မှာ အရိုးနု သို့မဟုတ် အရိုးတို့ ဖြင့် ဝန်းရံထားသည့် ကျောရိုး အာရုံကြော ပါရှိသော တိရစ္ဆာန် ဖြစ်သည်။ အဆိုပါစကားလုံးသည် ကျောရိုးတစ်ခုအဖြစ် တွဲဆက်ပေးထားသော အရိုးများဖြစ်သည့် ကျောရိုးဆစ် ဟူသော စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျောရိုးမပါရှိသော သတ္တဝါများကိုလည်း ကျောရိုးမဲ့သတ္တဝါများ ဟုပင်ခေါ်ဆိုသည်။ ကျောရိုးရှိသတ္တဝါများတွင် ငှက်များ ၊ ငါးများ ၊ ကုန်းနေရေနေသတ္တဝါများ ၊ တွားသွားသတ္တဝါများ နှင့် နို့တိုက်သတ္တဝါများ ပါဝင်သည်။ ကျောရိုးရှိသတ္တဝါ၏ အရိုးစု အစိတ်အပိုင်းများမှာ -
- ဦးနှောက်ခွံ။ ဦးနှောက်ခွံ (သို့) ဦးခေါင်းခွံအရိုးသည် ဦး နှောက်ကို ကာကွယ်ပေးထားသည်။
- ကျောရိုးဆစ်။ တွဲဆက်ထားသော အရိုးတိုလေးများဖြစ်သည့် တောင့်တင်းသော ကျောရိုးဆစ်များကို အဆက်များဖြင့် ခွဲခြားထားသည်။ ၎င်းကျောရိုးသည် အထဲ၌ရှိသော ကျောရိုး အာရုံကြောမကြီးအား ကာကွယ်ပေးသည်။ ကျောရိုးဆစ်များ အကြားရှိ အရိုးဆက်များကြောင့် ကျောရိုးအား ကွေးနိုင်ခြင်းဖြစ်သည်။
- အရိုးများ။ ခန္ဓာကိုယ်၏ ပျော့ပျောင်းသော တစ်သျှူးများကို ထောက်ပံ့ကာကွယ်ပေးပြီး ကြွက်သားတွယ်ဆက်မှုအတွက် အမှတ်နေရာများ ပေးသည်။
- ပါးဟပ် (သို့) အရိုးကွေး။ ငါးများ၏ pharynx ၌ ပါးဟပ် အရိုးကွေး နှင့် အချို့ ကုန်းနေရေနေ သတ္တဝါများတွင် ပါးဟပ် ကို ထောက်ပံ့သည်။ ကျောရိုးရှိသတ္တဝါအများစုတွင် ပါးဟပ်အရိုးကွေးသည် မေးရိုး ကဲ့သို့ အခြားကိုယ်အင်္ဂါများအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျောရိုးရှိသတ္တဝါ | |
---|---|
ကျောရိုးရှိသတ္တဝါ ဥပမာအချို့: စတားဂျင်ငါး (Actinopterygii)၊ ဆင် (ခြေလေးချောင်း သတ္တဝါ)၊ ကျားငါးမန်း (Chondrichthyes) နှင့် လမ္ပရီငါး (Agnatha). | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
Superphylum: | Deuterostomia |
မျိုးပေါင်းစု: | Chordata |
Clade: | Olfactores |
မျိုးပေါင်းစုသေး: | Vertebrata J-B. Lamarck, 1801[2] |
မျိုးပေါင်းစုငယ် | |
Synonyms | |
Ossea Batsch, 1788[2] |
ကျောရိုးရှိသတ္တဝါ နမူနာများမှာ နို့တိုက်သတ္တဝါများ ၊ ငှက်များ နှင့် ငါးများ ဖြစ်သည်။ မျိုးစိတ်ပေါင်း သောင်းဂဏန်း အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ကျောရိုးရှိသတ္တဝါမျိုးစိတ် အနည်းဆုံးလေးမျိုးကို ဖော်ပြရန် "ငါး" ဟူသော စကားလုံးကို အသုံးပြုရသည်။