ကဲဘဲရို့စ်
From Wikipedia, the free encyclopedia
ဂရိဒဏ္ဍာရီတွင် ကဲဘဲရို့စ် (Cerberus) (/ˈsɜːrbərəs/ ; [2] ဂရိ: Κέρβερος Kérberos[ˈkerberos]၊ အင်္ဂလိပ်အသံထွက်: ဆားဘရတ်စ်၊ ဂရိအသံထွက်: ကဲရ်ဘဲရို့စ်)၊ ဟေးဒီးစ်ခွေးအုပ်ဟု မကြာခဏ ရည်ညွှန်းလေ့ရှိသော ခွေးသည် လူသေများ ထွက်ခွာခြင်းမှ တားဆီးရန် မရဏလောက၏ တံခါးများကို စောင့်ကြပ်ပေးသော ဦးခေါင်းပေါင်းစုံ ခွေးမျိုးဖြစ်သည်။ သူသည် အဲချစ်နာနှင့် တိုင်ဖွန်းဘီလူးများ၏ အမျိုးအနွယ်ဖြစ်ပြီး ဦးခေါင်းသုံးလုံး၊ အမြီးအတွက် မြွေတစ်ကောင်နှင့် ၎င်း၏ခန္ဓာကိုယ် အစိတ်အပိုင်းများစွာမှ အပြူးထွက်နေသော မြွေများအဖြစ် ဖော်ပြလေ့ရှိသည်။ ကဲဘဲရို့စ် သည် ဟဲရာခလီးဇ်၏ နောက်ဆုံး အလုပ် ဆယ့်နှစ်ခု တွင် ဟဲရာကလီးဇ် မှ ဖမ်းဆီးခြင်းအတွက် အဓိက လူသိများသည်။